သံတွဲ မတ် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ယမန်နေ့ နံနက် ၇ နာရီ မိနစ်၃၀က သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre) ရှေ့၌ ကျင်းပပြု လုပ် သည်။
ပထမဦးစွာ တတိယလုပွဲကို ကျောက်ကြီးအသင်းနှင့် လင်းသာအသင်း(၁)တို့ ယှဉ်ပြိုင် ကစားကြရာ လင်းသာ(၁)အသင်းက နှစ်ပွဲပြတ်နှင့်တတိယရရှိသည်။ဆက်လက်၍ ဗိုလ်လုပွဲကို ယှဉ် ပြိုင်ကစားကြရာ ငမန်းခဲအသင်းက ရွှေဗဟို(B)အသင်းကို နှစ်ပွဲ၊ တစ်ပွဲဖြင့် ပထမဆု ဖလားကြီး ကို ဆွတ်ခူးရရှိသွားခဲ့သည်။
ဆက်လက်၍ ဆုချီးပွဲကိုကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးဝင်းဗိုလ်က အမှာစကား ပြောကြားသည်။ ထို့နောက် တတိယဆုရှိသော လင်းသာ(၁) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာစိုးမြင့်က တတိယဆုအား ချီးမြှင့် ပေး ပြီးပွဲစဉ်တလျှာက် အကောင်းဆုံးဆုရရှိသည့် ရွှေဗဟိုအသင်း (B)မှ မောင်မျိုးဇော်နှင့် ငမန်းခဲ အသင်းမှ မောင်ထက်ဖြိုးအောင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဒုတိယဆုရရှိသည့် ရွှေဗဟိုအသင်း(B)အသင်းအား သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီနာယက ဦးလှဟန်က လည်ဆွဲဆုနှင့် ဒုတိယငွေသား ဆုများ ချီးမြှင့်ပေးပြီး ပထမဆုရရှိသည့် ငမန်းခဲအသင်းအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က လည်ဆွဲဆု၊ ငွေသားဆုနှင့် ပထမတံခွန်စိုက် ဆုဖလား ကြီးအား ချီးမြှင့်ပေးကြသည်။
အဆိုပါ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူး ကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုအား ငွေကျပ်(၅)သိန်း၊ ဆုဖလားကြီးနှင့်လည်ဆွဲဆု၊ ဒုတိယ ဆုအား ငွေသား (၃)သိန်းနှင့်လည်ဆွဲဆု၊ တတိယဆုအားငွေသား(၂)သိန်းနှင့် လည်ဆွဲဆုနှင့် အကောင်း ဆုံးကစားသမား ဆုနှစ်ဆုအား တစ်ဆုလျှင် ဆုကလပ်နှင့် ငွေသားဆု(၁)ကျပ်စီ ထိုက်ထိုက် တန်တန် ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)