သံတွဲမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ
သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲ အခမ်းအနားကို သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။