သံတွဲ မတ် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ နံနက် ၇ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)ရှေ့၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ တတိယလုပွဲကို ကျောက်ကြီးအသင်းနှင့် လင်းသာအသင်း(၁)တို့ယှဉ်ပြိုင်ကစားကြရာ လင်းသာ(၁)အသင်းက နှစ်ပွဲပြတ်နှင့်တတိယရရှိသည်။ဆက်လက်၍ ဗိုလ်လုပွဲကို ယှဉ်ပိုင်ကစားကြ ရာ ငမန်းခဲအသင်းက ရွှေဗဟို(B)အသင်းကို နှစ်ပွဲ ၊တစ်ပွဲဖြင့် ပထမဆုဖလားကြီးကို ဆွတ်ခူးရရှိသွား ခဲ့သည်။
ဆက်လက်၍ဆုချီးပွဲကို ကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးဝင်းဗိုလ်က အမှာစကားပြောကြားသည်။ ထို့နောက် တတိယဆုရှိသော လင်းသာ(၁) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာစိုးမြင့်က တတိယဆုအားချီးမြှင့်ပေးပြီး ပွဲစဉ်တလျှာက် အကောင်းဆုံးဆုရရှိသည့် ရွှေဗဟိုအသင်း(B)မှမောင်မျိုးဇော်နှင့် ငမန်းခဲအသင်းမှ မောင်ထက်ဖြိုးအောင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က ချီးမြှင့်ပေးခဲ့သည်။ ထို့နောက်ဒုတိယဆု ရရှိသည့် ရွှေဗဟိုအသင်း(B)အသင်းအား သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနာယက ဦးလှဟန်က လည်ဆွဲဆုနှင့် ဒုတိယငွေသားဆုများချီးမြှင့်ပေးပြီး ပထမ ဆုရရှိသည့် ငမန်းခဲအသင်းအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က လည်ဆွဲဆု၊ ငွေသားဆုနှင့် ပထမတံခွန်စိုက် ဆုဖလားကြီးအား ချီးမြှင့်ပေးကြသည်။
အဆိုပါ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူး ကျင်းပ သည့်(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုအား ငွေကျပ်(၅)သိန်း၊ ဆုဖလားကြီးနှင့်လည်ဆွဲဆု ၊ ဒုတိယဆုအား ငွေသား (၃)သိန်းနှင့်လည်ဆွဲဆု၊ တတိယဆုအားငွေသား(၂)သိန်းနှင့်လည်ဆွဲဆုနှင့် အကောင်းဆုံးကစား သမား ဆုနှစ်ဆုအား တစ်ဆုလျှင် ဆုကလပ်နှင့် ငွေသားဆု(၁)ကျပ်စီ ထိုက်ထိုက်တန်တန် ချီးမြှင့် ပေးခဲ့ ကြကြောင်းသိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)