ဂွ ဧပြီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဂွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန သုံးခု ဖွင့်လှစ် ထားကြောင်း၊ စာမေးပွဲဖြေဆိုရန်ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ (၅၀၉)ဦးဖြစ်ကြောင်း၊ ယနေ့ ရူပဗေဒဘာသာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၄၆၀)ဦး၊ ပျက်ကွက် ကျောင်းသား/ကျောင်းသူ(၄၉)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း(၉၀.၃၇)ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်ပြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ် တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်