ရမ်းဗြဲ ဧပြီ ၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်က ရူပဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ ၂၀၂၂ - ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် စာစစ်ဌာန (၁၀) ခုသို့ ဘာသာတွဲအလိုက် ကျောင်းသား/ကျောင်းသူ များမှ စာရင်းပေးခဲ့ကြရာ ရူပဗေဒဘာသာရပ်ကို ဖြေဆိုရန်အတွက် (၁၂၅၈) ဦး စာရင်းပေးသွင်းထားရှိခဲ့ရာ ယနေ့ ဝင်ရောက်ဖြေဆိုသူ၊ ကျောင်းသား (၄၅၅) ဦး၊ ကျောင်းသူ (၇၁၃) ဦး ဝင်ရောက်ဖြေဆိုကြသည့် အတွက် စုစုပေါင်းစာမေးပွဲဖြေဆိုသူ (၁၁၆၈) ဦးရှိခဲ့ရာ ဖြေဆိုသူရာနှုန်း(၉၂.၈၅)ရှိပြီး၊ ပျက်ကွက်သူ (၉၀)ဦးရှိသောကြောင့် ပျက်ကွက်သူရာနှုန်း (၇.၁၅)ရှိပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်ပေးခြင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)