ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဗဟိုလ်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်များနှင့် ဒေသခံပြည်သူများ၏ မဏ္ဍပ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။