သံတွဲ ဧပြီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၌ ၁၃၈၃ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ သံတွဲမြို့၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခု၊ ငပလီမြို့တွင် ဗဟိုမဏ္ဍပ် နှင့် ရေကစားမဏ္ဍပ် တစ်ခုတို့အပြင် အခြားရေကစားမဏ္ဍပ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ကော်မတီများဖွဲ့စည်း၍ သင်္ကြန်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲများပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)