မောင်တော ဧပြီ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဗဟိုလ်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်များနှင့် ဒေသခံပြည်သူများ၏ မဏ္ဍပ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
မောင်တောမြို့၌ ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ကော်မတီ အသီးသီးဖွဲ့စည်းကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် နံ့သာသွေးပြိုင်ပွဲ အခမ်း အနားများကို ဧပြီ ၁၃ ရက်နေ့ ဗဟိုလ်မဏ္ဍပ်တွင် လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ဖျော်ဖြေခြင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဓါန ငါးလွှတ်ခြင်း၊ နံ့သာသွေးပြိုင်ပွဲ တွင် ဆုရသူများအား ဆုချီးမြှင့်ခြင်း၊ ဒေသခံပြည်သူများ စုပေါင်းကာ သက်ကြီးဘိုးဘွားများ ပူဇော်ပွဲ များအား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)