ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် Mobile Team စနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး

ပုဏ္ဏားကျွန်း ဧပြီ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက်ရှိ ဦးတည်အုပ်စုများတွင်ပါဝင်သည့် ပြည်သူများအားလုံး ရာနှုန်းပြည့်ထိုးနှံရေးအတွက် Mobile Team စနစ်ဖြင့် နဝမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကို ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား စာရင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများ အားဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရာခိုင်နှုန်းပြည့် ထိုးနှံရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covaxin)များကို Mobile Team စနစ်ဖြင့် ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ပုဏ္ဏးကျွန်းမြို့နယ်အတွင်း  နဝမအသုတ်(ပထမ)အကြိမ်၊  ကိုဗစ်-၁၉ ကာကွယ်များ နယ်လှည့်ကွင်းဆင်းထိုးနှံခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ပေါ်(၄)ရပ်ကွက်နှင့် ယိုးတရုပ်၊ ကွန်းတောင်၊ အလယ်ချောင်း၊ ပိုးရွှီပြင်စသည့် ကျေးရွာအုပ်စုများတွင်   အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ ၂၅၆၇  ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)