ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်ပြစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတက်ရောက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.EP) သင်တန်းနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ဘာသာရပ်ပြစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။