ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော်အသစ်တင်လှူပူဇော်နိုင်ရန်အတွက်  အလှူငွေများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော်အသစ်တင်လှူပူဇော်နိုင်ရန်အတွက်  အလှူငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်  အများပြည်သူများ သိရှိ လိုက်နာနိုင်ရန်အတွက် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်  သံတွဲခရိုင်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင် သံတွဲခရိုင်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိခန်းမ၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ အရှေ့မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ် စေရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အရှေ့‌မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၃၈၀)အတွက် သွင်းအားစုပံ့ပိုးချေးငွေ ကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၃၈၀)အတွက် သွင်းအားစု ပံ့ပိုးချေးငွေ ကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ် သမဝါယမရုံး ခန်းမ၌ ပြုလုပ်သည်။

ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့ရှိ ပြည်သူများသို့ ရောင်းချပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စတုတ္ထနေ့အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်က အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ နေပြည်သူများသို့ စားသုံးဆီများရောင်း ချပေးခဲ့သည်။

ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေး စာအုပ်စာ​​​စောင်​ပြပွဲ နံရံကပ်စာစောင်​ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာ​ပေး စာအုပ်စာ​​​စောင်​ပြပွဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်​ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်​ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အ.မ.က(မူလွန်)ဇီး​ဖြူကုန်း​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်