ပုဏ္ဏားကျွန်းမြို့နယ်တွင် ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို တာဝန်ရှိသူတို့ ယမန်နေ့၊ မွန်လွဲပိုင်းက ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးကြရာတွင် ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးလှမောင်အေးဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့တွင် Parbisure အမှတ်တံဆိပ်ပါဆင်တူယိုးမှားဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြရာ အဆိုပါအမှတ်တံဆိပ်ပါ ဆေးဝါးနှင့်စပ်လျဉ်း၍ ပုဏ္ဏားကျွန်းမြို့နယ်တွင်(FDA)၏ ခွင့်ပြုချက်မပါသော ဆေးဝါးအတုများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမတွေ့ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)