သံတွဲ အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင် သံတွဲခရိုင်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သံတွဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသန်းမြင့်၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်၊ ဂွမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်စပယ်မြင့်၊ ငပလီမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့တာဝန်ခံ ဦးမင်းနောင်နှင့် ကျိန္တလီမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့တာဝန်ခံ ဦးနိုင်မင်းအေးတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ဆက်လက်၍ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်တို့က သံတွဲခရိုင်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့် ကမ်းခြေသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။
၎င်းနောက်ပြည်နယ်စီးပွါးရေးရာဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား သတ်မှတ်အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အတွက် အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများအားသတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရေးနှင့် ဘဏ္ဍာငွေထုတ်ယူသုံးစွဲရာတွင် သတ်မှတ်ညွှန်ကြားချက် လုပ်ထုံးလုပ်နည်များနှင့်အညီ ထုတ်ယူသုံးစွဲကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်