မောင်တော အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အများပြည်သူများ သိရှိ လိုက်နာနိုင်ရန်အတွက် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာတွင်ပါဝင်သော “သင့်ကြောင့် မီးမလောင်ပါစေနှင့်”၊ “ယနေ့ မီးဘေးကြိုတင်ကာကွယ်ရေးသည် မနက်ဖန်အတွက် မီးဘေးလုံခြုံရေးဖြစ်သည်”၊ “မြို့/ရွာတခွင်သာစေချင် မီးကို မပေါ့နှင့်”၊ မီးမလောင်ခင် သတိယှဉ် ကြိုတင်ကာကွယ်ပါ” ၊မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ စသည့်အချက်များ ပါဝင်သော အသိပညာပေးဗီနိုင်း၊ ပိုစတာများကို လူစည်းကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်