မွန်ပြည်နယ်

မုဒုံမြို့၌ မဲရုံမှူး မွမ်းမံသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးမွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က အထက(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပညာပေးဟောပြော

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့ အ.မ.က ၁(မူလွန်)ကျောင်း၌ ပြုလုပ်သည်။

မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တာပသွန်ကျေးရွာရှိ ဥယျာဥ်ခြံလုပ်သားများအား လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် မွန်ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူး များတွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အ- ထ- က ၊ ဘီးလင်းကျောင်း (ပညာ့အားမာန်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ဇန်နဝါရီ ၁၁ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများထားရှိရန် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှစ၍ ညစဉ် ၇ နာရီမှ ၁၀ နာရီထိ တာဝန်ရှိသူများသည် ရပ်ကွက်အလိုက် အသံချဲစက်ဖြင့် လှည့်လည်ဆောင်ရွက်ပေးသည်။

မွန်ပြည်နယ်‌ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲအခမ်း အနားကို ယမန်နေ့ညပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်မြို့နယ် စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးထိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ မော်လမြိုင်မြို့၌ ကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း အမျိုးသား (10-KM)၊ အမျိုးသမီး (5-KM) မီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊  ကမ်းနားလမ်း ရေပေါ်ဈေး၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်