ကျိုက္ခမီမြို့လယ်ဓမ္မာရုံတွင် ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်

သံဖြူဇရပ်    ဇွန်    ၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက်အခြေခံ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း(Basic On -Job Skill Training) ၂/၂၀၂၆ဖွင့်ပွဲအခမ်းအနားကို ဇွန် ၆ရက်နံနက် ၉နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရွှေလူး၊  မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဟန်ဝင်း​ရွှေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျိုက္ခမီမြို့အုပ်ချုပ်​ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျိုက္ခမီနယ်​မြေရဲစခန်းမှူး ရဲအုပ်ရှမ်းကို၊ ကြက်​ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ငါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ကမ်းနီး/ကမ်း​ဝေး ငါးလုပ်ငန်းရှင်များနှင့် ရေလုပ်သားသင်တန်းသား (၃၀) တက်​ရောက်သည်။

သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က သင်တန်းအဖွင့်အမှာစကား​ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလူးကသင်တန်းသားများအား  သင်​ထောက်ကူပစ္စည်းများပေးအပ်သည်။

ထို့နောက်သင်တန်းပို့ချရာကျန်းမာရေးအသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊  ရှေးဦးသူနာပြုစုခြင်း၊ မျိုးသုဉ်းရှားပါးရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းခြင်းနှင့် ရေသယံဇာတထိန်းသိမ်းခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ခြင်း၊ လုပ်ငန်းခွင်အတွင်း မီးဘေးကြိုတင်ကာကွယ်ခြင်းစသည့်အကြောင်းအရာများကိုပို့ချခဲ့ကြပြီး သင်တန်းကို နံနက်၉နာရီမှ မွန်းလွဲ ၃နာရီအထိ သင်ကြားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)