မွန်ပြည်နယ်

နတ်တလင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းတွင် သ/မ ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ချောင်းဆုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် IUD ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် IUD ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီ(၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုးချဲ့ရပ်ကွက်ရှိ တိုးချဲ့(အမက)ကျောင်း၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှများနှင့် ပြိုင်ပွဲဝင်ယိမ်းအကများပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပေါင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပေါင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန် ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင်သင်ကြားနေမှုများ ကြည့်ရှုအားပေး

မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး၏ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်၍ ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရောက်ရှိနေရာယူ၍ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးစတင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား QR Code စနစ်ဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျှက်ရှိသော ဆီဆိုင်များအား QR Code စနစ်ဖြင့် ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မြေပဲထုတ်ကုန်များ တန်ဖိုးမြှင့် ဆီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြေပဲထုတ်ကုန်များ တန်ဖိုးမြှင့်ဆီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်သူစုရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာအုပ်စုရှိ အောင်သုခဆီစက်နှင့် ဦးခင်အောင်ဆီစက်များ၌ ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်း စာစင်အလယ်ပိုင်းတွင် မတ် ၃၀ ရက်နေ့က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရာ ယမန်နေ့မွန်းလွဲ (၁)နာရီက မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများ ပေးအပ်သည်။
Subscribe to မွန်ပြည်နယ်