ချောင်းဆုံမြို့နယ်၌ (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်ဆုရ ကျောင်းသူ၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုမှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ချောင်းဆုံမြို့နယ်မှ နိုင်ငံတော်အဆင့်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးအောင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။