ပေါင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြော 

ပေါင်  နိုဝင်ဘာ ၂၀

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက၊ မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူ များက လိုက်နာဆောင်ရွက်ကြရန်‌ ဟောပြော‌သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်  အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့‌ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)