သံဖြူဇရပ်၌ ရာဘာသစ်ခွဲသားနှင့် သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး  

သံဖြူဇရပ်   နိုဝင်ဘာ   ၁၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာရှိ အွန်စောမွန်(Eon Saw Mon Co.Ltd)၏ ရာဘာသစ်ခွဲသားနှင့်သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းအခမ်းအနားကို နို၀င်ဘာ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ စက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ဆန်းစစ်ချက်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အမှာစကားပြောကြားပြီး   သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမြင့်မြင့်ရှိန်က အွန်စောမွန်(Eon Saw Mon Co.Ltd)၏ ရာဘာသစ်ခွဲသားနှင့် သစ်ပါးလွှာထုတ်လုပ်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းများဆန်းစစ်ချက်နှင့်ပတ်သက်၍ အများပြည်သူများသိအောင်တိုင်ပင်ဆွေးနွေးချပြခြင်း၊ ကနဦးဆန်းစစ်ခြင်းလုပ်ပြီး အတည်ပြုချက်ရယူ၍ အစီရင်ခံစာအတိုင်းလုပ်ငန်းရှင်နှင့်အကြံပေးအဖွဲ့တို့က သေချာစွာသိရှိပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အွန်စောမွန်(Eon Saw Mon Co.Ltd)၏ စက်ရုံမှူး ဦးညီညီအောင်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး E Guard Enviromental Services Co.Ltd ၏ အကြံပေး ဒေါ်ရွှေယမင်းဘိုက စီမံကိန်းနှင့်ပတ်သက်၍ ကနဦးပတ်ဝန်ကျင်းဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားချပြရှင်းလင်းရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)