မွန်ပြည်နယ်

သံဖြူဇရပ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၊ သင်ကြားသင်ယူမှု အထောက်အကူပြုခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.ကမုတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ဘက်စုံထူးချွန်သည့် လူငယ်များပေါ်ထွန်းစေရေး “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အောက်တိုဘာလ (၂) ရက်နေ့က ကလွီ (အ.ထ.က) ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အသိပညာပေးဟောပြောခြင်း နံရံပိုစတာပြသခြင်းဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခြင်း၊ နံရံကပ်ပိုစတာပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက အမက (ထိန်ကုန်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန် တောင်သူများဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်အတွက် ယနေ့နံနက်က  ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာခန်းမတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

သထုံမြို့၊ ရွှေချောင်းအခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရွှေချောင်း အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ဘီးလင်းမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် အ.ထ.က(ဘီးလင်း) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ဒေသခံတောင်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက တာပသွန်ကျေးရွာ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်