ဘီးလင်းမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

ဘီးလင်း စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် အ.ထ.က(ဘီးလင်း) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ဘီးလင်းမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းကသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးကြည်ထွန်း၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့ခွဲ အတွင်းရေးမှူးဦးငွေဝင်းနှင့် တာဝန်ရှိသူအသီးသီးတို့က သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့်သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စာတွေ့၊ လက်တွေ့ ၃ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)