မွန်ပြည်နယ်

ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများသိရှိစေရန်နှင့် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန်နှင့် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀း၃၀)နာရီက သဲကုန်းကျေးရွာရှိ သဲရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က) ထန်းပင်ချောင်ကြီးခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ သီရိမြိုင်ရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းတက်ရောက်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ

(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့လုံးဆိုင်ရာ(၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မရာဇိန်ဘုန်းကြီးကျောင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏အထင်ကရ ကမ္ဘာကျော်ထင်ရှားသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် အစည်းအဝေးကျင်းပရခြင်းကြောင်း၊‌ စေတီတော်ဩဝါဒစရိယ ဆရာတော်များ၏ လမ်းညွှန်မှုကိုခံယူပြီး စေတီတော်ဂေါပကအဖွဲ့အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းရွေးချယ်စေရေး၊ တောင်တက်မော်တော်ယာဥ်များ ကြံ့ခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်‌ပေါင်းများရှင်းလင်းစေရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ မိလ္လာနှင့်အမှိုက်များ စနစ်တကျစွန့်ပစ်‌စေရေး၊ smoking free zone ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်းပူး‌ပေါင်းအကြံပြု ဆွေးနွေးကြစေလို‌ကြောင်း ပြောကြားသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်သို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က(ဖက္ကလိပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာရှိ အ.မ.က(ဖက္ကလိပ်)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရော၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။
Subscribe to မွန်ပြည်နယ်