ကျိုက်ထို နိုဝင်ဘာ ၂၈
ကျိုက်ထိုမြို့နယ်တွင် (၇၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓ၊ ပမုခ၊ သံဃိက မဟာဘုံကထိန်ပွဲတော်အား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်(သာမညဖလ) အခါတော်နေ့ဖြစ်သည့် ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်သာသနာ့ ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဝါးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ဓဝါစက ဥူးသုမနသီရိ (သာသနဓဇဓမ္မာစရိယ)ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များအား (၇၄)ကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း များကို အလှူရှင်များမှ ဆက်ကပ် လှူဒါန်းခဲ့သည်။
ယင်းနောက် ဝါးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ဓဝါစကဥူးသုမနသီရိ(သာသနဓဇဓမ္မာစရိယ)မှ ကထိန်အနုမောဒနာတရားတော်နှင့် ရေစက်သွန်းချတရားတော်အား ချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို သာဓုခေါ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ မဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ ဘုံကထိန်ပွဲကျင်းပရန် ပင့်ဖိတ်ထားသည့် ဆရာတော် သံဃာတော်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပြီး ဘုန်းတော်ကြီးကျောင်း (၅၅)ကျောင်းမှ ရဟန်း၊ သံဃာတော် အပါး (၈၀၀)ကျော်အတွက် သင်္ကန်း၊ ပဒေသာပင်၊ လှူဖွယ်ဝတ္တုပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်(၈၄၆၈၁၁၅၀)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)