မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂ဝ၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆီးချို၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂ဝ၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်ဒူးကျေးရွာ၊ ခရိုက်နှီးဟုကျေးရွာနှင့် ဆယ်ပလာကျေးရွာတို့၌ ဆီးချို၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းတို့ကို ခရိုက်ဒူးကျေးရွာ အ.ထ.က(ခွဲ)တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

သထုံမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်က သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက် (ငါးကြီးအင်း)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတက်ရောက်

မွန်ပြည်နယ် မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်သည်။

မွန်​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်

၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာ​ကော်မတီမှ ကြီးမှူးကျင်းပ​​သော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ည​နေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်​ရောက်သည်။

ပြည်နယ်အဆင့် National ICT Awards 2023 (Educational Project & Skills Competition) ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အဆင့် National ICT Awards 2023(Educational Project & Skills Competition) ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်တွင် ဘုရားပွဲတော်များနှင့် ပွဲလမ်းသဘင်များ စည်ကားလာ၍  ဈေးကွက်ရရှိနေသည့် ရောင်စုံစက္ကူအရုပ် လုပ်ငန်း

မွန်ပြည်နယ်အတွင်းရှိ လူစည်ကားရာ ပွဲဈေးတန်းအရောင်းဆိုင်များနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် ခေတ်ပေါ်ပလတ်စတစ်အရုပ်များနှင့်အပြိုင် ရောင်းတန်းလှနေဆဲဖြစ်သည့် ရောင်စုံစက္ကူအရုပ်များကို ပွင့်လင်းရာသီဘုရားပွဲတော်များနှင့် ဇာတ်ပွဲသဘင်များစည်ကားလာ၍ ဈေးကွက်ရရှိနေကြောင်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ ရောင်စုံစက္ကူအရုပ်လုပ်ငန်း လုပ်ကိုင်နေသူထံမှ သိရသည်။

ချောင်းဆုံမြို့နယ် ဈေးကွက်အတွင်းရှိ သောက်ရေသန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့်  ပူးပေါင်းအဖွဲ့မှ  ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့ အမှတ် (၂) မြို့မဈေးနှင့် သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်