ချောင်းဆုံ နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့ အမှတ် (၂) မြို့မဈေးနှင့် သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးရေးပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ စားသောက်ကုန်အရောင်းဆိုင်များနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူများအတွက် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် သောက်ရေသန့် အမျိုးမျိုးတွင် (FDA) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါ/မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စသည်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိုန့ယ်(ပြန်/ဆက်)