မွန်ပြည်နယ်

ပေါင်မြို့နယ်တွင် (၁၀၃)နှစ်​မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်​​​မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက (အ.မ.က) ဘူတာကျောင်း၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/ နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမားတက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ အနာဂတ်ဘဝအဖွဲ့(Future Life Organization)မှ ဖွင့်လှစ်ထားသော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများသင်တန်းသို့သွားရောက်ပြီး ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

အားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း” သည် အရွယ်သုံးပါး မရွေးလုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများလမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှစတင်ပြီး၊ ဗဟိုလမ်း၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်သည့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ သင်တန်းထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ

သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအရ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနှင့် ဇာကဒွန်းကျေးရွာတို့၌ ဖွင့်လှစ်ခဲ့သည့်သင်တန်းတို့မှ ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်က ပေါင်မြို့နယ် မဂဒူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ-လ-က) ပုသိမ်ကွင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်တောင်သူများအတွက် ဓာတ်မြေသြဇာ (၃၁၇၅)အိတ် ဖြန့်ဖြူးပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်မြေသြဇာများကို ဆောင်းသီးနှံနေကြာစိုက်ပျိုးသည့် ကျေးရွာ(၃၈)ရွာရှိ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား နေကြာစိုက်ဧက (၃၁၇၀)ဧကအတွက် ဓာတ်မြေသြဇာ (၃၁၇၅)အိတ် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to မွန်ပြည်နယ်