မွန်ပြည်နယ်

“အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း အခြေခံကုထုံးလမ်းညွှန် ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် “အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း အခြေခံ ကုထုံးလမ်းညွှန် ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊  ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်များမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Woman Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း(WomanClub)တို့ ပူးပေါင်း၍ နေဇင်လတ်ရေးသားသည့်” အမွေပေးသည်ဆိုရာမှာ “စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများ မျိုးချစ်စိတ်ဓါတ်များ ထက်သန်လာစေရန်အတွက် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကွမ်လှာ(အ.ထ.က-ခွဲ) ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာလောကသစ္စာရေးသားသော" သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

မုဒုံမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်သည့် ရော်ဘာအဖူးကူး သင်တန်းဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်သော ရော်ဘာအဖူးကူးနည်းသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ကြည်ညို

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထူအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ပေါင်းရပ်ကွက်ရှိ စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထု အားကစားလ (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲနှင့် မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်း၊ ဦးခန္တီ View Point အနီး ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက် လာနိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့် ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်း လျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်