ကျိုက်ထို ဒီဇင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း(WomanClub)တို့ ပူးပေါင်း၍ နေဇင်လတ်ရေးသားသည့်” အမွေပေးသည်ဆိုရာမှာ “စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Woman Club)အဖွဲ့မှ အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ သိမှတ်ဖွယ်ရာအကြောင်းအရာတို့ကို ကဏ္ဍအလိုက် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)