မွန်ပြည်နယ်

မွန်ပြည်နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံ အခမဲ့စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

မွန်ပြည်နယ်တွင် ကျောင်းသား/သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း လျာထားချက်၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် ဆောင်းရာသီ၌ ဆီထွက်သီးနှံ ၁၁၁၅ ဧက စိုက်ပျိုးမည်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း ၁၁၁၅ ဧက စိုက် ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် ဂန္ဓမာပန်း တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အ‌ခြေခံပညာမူလတန်းကျောင်း(ကော့ဘိန်း-၁)၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)၊ လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍  စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့ မြို့မစျေးကြီး၌ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ် ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးကြီးနှင့် ရန်မျိုးအောင်စျေး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျင်မြန်တုံပြန်ဆောင်ရွက်နိုင်ရန် ရည်ရွည်၍  မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့  နံနက် ၁၀ နာရီက မြို့မစျေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ကွမ်တာသစ်)စာသင်ကျောင်း၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့ ဗိုလ်တေဇ ပညာအလယ်တန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင် ပြသ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဥဩ)၌ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် အ.ထ.က(မင်းတန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်