မွန်ပြည်နယ်

မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်းသင်တန်း ဖွင့်လှစ်မည်

ရက်ကန်းပညာရပ် တိမ်ကောပပျောက်မှုမရှိစေရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်း (၆)လသင်တန်း ပထမအကြိမ်ကို ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားရှိသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့်အခြေအနေ၊ သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊  ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

“တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ မွန်ပြည်နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ယနေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေး ဒီဂရီ ကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေး ဌာနမှ ဆရာ၊ဆရာမများ၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ကျား/ မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ၂၃၇၈ ဧကစိုက်ပျိုးမည်

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံ ၂၃၇၈ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သံဖြူဇရပ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်      

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။   

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့တွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၂)ရပ်ကွက်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် ပြည်သူများကို ယနေ့ နံနက်ပိုင်းက မြို့မ(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။

မုဒုံမြို့ ဘလောက်ညောင်ဝိုင်းကျေးရွာတွင် (နေကြာ)ထွန်ယက်စိုက်ပျိုးမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ(နေကြာ)ကို ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများအား တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
Subscribe to မွန်ပြည်နယ်