ပေါင် ဩဂုတ် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက မြို့နယ်အဆင့်ပြုလုပ်သည့် ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို အသေးစိတ်ဖတ်ကြားခဲ့ပြီး ပြိုင်ပွဲစတင်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို စာစီစာကုံးပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး၊ ဉာဏ်စမ်းပြိုင်ပွဲဝင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး၊ ဆေးရောင်ခြယ် ပြိုင်ပွဲဝင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး စုစုပေါင်း (၁၅၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)