မွန်ပြည်နယ်

မုဒုံမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်/ ဘဲရမ်းကျေးရွာများ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ချောင်းဆုံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်နေ့နံနက် (၁၀) နာရီက ကုလားဘီ-ရွာမ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ ဆောင်းရာသီ စားဖိုဆောင်သီးနှံ ၁၉၈၀ ဧကစိုက်ပျိုး

မွန်ပြည်နယ်မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်ဟင်း သီးဟင်းရွက်သီးနှံ ၁၉၈၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ကံ​ကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံအား မီး​ဘေးအန္တရာယ်ကင်း​ဝေးစေ​ရေး စစ်‌ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာရှိ၊ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ နောင်ဘိုကျေးရွာရှိ (ရေပြွန်) အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို  အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)ကို ယမန်နေ့နံနက် (၁၀) နာရီက အာရှစွမ်း ကိုယ်ပိုင်စာသင်ကျောင်း၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ် အမက(​ဟံသာဝတီ)​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမက(​ဟံသာဝတီ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။=

ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက်ပိုင်းက (အမက) (မူလွန်) ဖလပ်(၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဝယ်လမ်း(မူလွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်