သံဖြူဇရပ်မြို့နယ်တွင် ကံ​ကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံအား မီး​ဘေးအန္တရာယ်ကင်း​ဝေးစေ​ရေး စစ်‌ဆေး​ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာရှိ၊ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်​ကျော်​ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များပါရှိသည့် မီး​ဘေးလုံခြုံရေးအဖွဲ့ဖြင့် ​သွား​ရောက်၍ ဝါခရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံတွင် မီးဘေးအန္တရာယ်မှကင်းဝေးစေရေး ကြိုတင်ကာကွယ်နိုင်​ရေးအတွက် မီးငြိမ်းသတ်ရာတွင်အသုံးပြုမည့် မီးသတ်​ဆေးဘူးများနှင့် အမြှုပ်​ဆေးရည်ဘူးများ လုံလောက်မှုရှိ/မရှိ၊ လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှု၊  ရေသို​လှောင်ကန်ထားရှိမှု၊ ဘွိုင်လာအိုးများတပ်ဆင်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျထားရှိ​ရေးတို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို အကြံပြု​​​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)