ချောင်းဆုံမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ဝယ်လမ်း(မူလွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မူလွန်ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြပုံများ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း မှတ်တမ်းဓါတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)