ဘီးလင်း မေ ၃၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မုန်းတိုင်ဘေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရူံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက မုန်တိုင်းဘေးနှင့်ရေးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက်များကို ပြည်သူလူထုများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ ကြိုတင်ပြင်ဆင်ထားသည့် ကုန်မြင့်နေရာများတွင် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ရာတွင်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ် ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများသို့ လူနာတင်ယာဉ်ဖြင့် တင်ပို့ကူညီပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေယုအောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက တက်ရောက်အားပေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ သဘာဝဘေးနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးပစ္စည်များကို ခင်းကျင်းပြသခဲ့ရာ တာဝန်ရှိသူ အသီးသီးတို့က လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)