မတူပီ စက်တင်ဘာ ၂၈
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေရေးကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းကို ယမန်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာလ (၈) ရက်မှစ၍ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ (၇) ရက်နေ့တွင် အသိပညာပေး နှိုးဆော်ထားပြီးဖြစ်သည်။
အဆိုပါ စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်/(ပြန်/ဆက်)