ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲ ရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာပေးပြီး ဝင်ထွက် သွားလာခွင့်ပြုနိုင်ရေး အတွက် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် စေ့စပ်ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်က ဟားခါးမြို့၊ အဝေးပြေးကားဂိတ် တွင်ကျင်းပခဲ့ရာ ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးမြင့်ဦးနှင့် ကော်မတီဝင်များ၊ ပူးပေါင်း အဖွဲ့ဝင်များ၊ မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။