ခိုင်ကမ်း အောက်တိုဘာ ၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ယခုညမထွက်ရအမိန့်ကို ၂၀၂၀ ပြည့်နှစ်(၁၅-၉-၂၀၂၀)မှ (၁၅-၁၁-၂၀၂၀)ရက်နေ့အထိ (၂)လကြာ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
အဆိုပါ ညမထွက်ရအမိန့်ကို တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၁၅-၅-၂၀၂၀) ရက်နေ့မှစ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Covid-19ရောဂါမှာ ယခုအချိန်အထိ ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် ခိုင်ကမ်းမြို့ပြည်သူ များအနေဖြင့် Covid-19ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေး အတွက် ညမထွက်ရအမိန့်ကို အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရမှအပ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့တို့၏ နယ်နိမိတ်ဧရိယာ အတွင်း၌ ည(၁၂)နာရီမှ နောက်တစ်နေ့နံနက်(၄)နာရီ အတွင်း ညမထွက်ရန်အမိန့်ကို ဖြေလျော့ခြင်းမရှိဘဲ ယခုကဲ့သို့(၂)လအထိ တိုးမြှင့်ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် ခိုင်ကမ်းမြို့၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အများပြည်သူများ ညမထွက်ရအမိန့်ကို သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်များဖြင့် လှည့်လည် ကြော်ငြာသွား မည်ဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)