တီးတိန်၌ ဓာတုဗေဒ ပစ္စည်းကာကွယ်ထိန်းချုပ်ရေးနှင့်ဆေးဝါးအတုများ ရောင်းဝယ်မှုရှိမရှိရှောင်တခင်စစ်ဆေး


တီးတိန်    အောက်တိုဘာ    ၈

ချင်းပြည်နယ်၊တီးတိန်မြို့၌ ဓာတုဗေဒ ပစ္စည်းများ ကာကွယ်ထိန်းချုပ်ရေးနှင့် WHO မှအတည်ပြုခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ်  ကိုဗစ် ဆေးအတုများ ရောင်းဝယ်မှု ရှိမရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နေ့လည် ၁၁ နာရီက တီးတိန်မြို့နယ်ရဲမှူး ခင်စိုးလွင် ဦးဆောင်သော သက်ဆိုင်ရာဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ကုန်စုံဆိုင်များနှင့် ဆေးဆိုင် များတွင် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေး ရာတွင် ကုန်စုံဆိုင်များ၌ ဓာတုဗေဒ ပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးပြီး ရောင်းဝယ်မှုရှိမရှိ စစ်ဆေးခြင်း၊ဆေးဆိုင်များတွင် ကိုဗစ်ဆေးအတုများ  ရောင်းချဝယ်ယူခြင်းရှိမရှိ စစ်ဆေးပြီး ဝယ်ယူရောင်းချခြင်းရှိပါက စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး အသိပညာပေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 ပေါင်ကျင့်မုန်(ပြန်/ဆက်)