ချင်းပြည်နယ်

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ လှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွန်းဇံ၌ ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ) တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိ သူများသည် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ဟားခါးမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံး ကျန်းမာရေးနှင့် အညီရောင်းချမှု ရှိ၊မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Maskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး (၉၀၆)ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၉ နာရီတွင် မြို့နယ်လုံးကျွတ်တစ်ပြိုင်တည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး များအား သင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ကြောင်း သိရသည်။

မတူပီ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများ၊ အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီသို့ ပြည်တွင်း ပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ပူးပေါင်း စစ်ဆေးရေးဂိတ်များနှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်ရန်အတွက် ယမန်နေ့ နေ့လယ်က အလှူရှင်များက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖလမ်း၌ နေရပ် ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ယစ်မျိုးစုပေါင်းစစ်ဆေးရေးအဖွဲ့သည် ယစ်မျိုးဥပဒေ (၁၈+၁၉+၂၀) အရ အတည်ပြုဖွင့်လှစ်ခွင့်ပြုသည့် လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်း ရှိ/မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြကြောင်းသိရသည်။

မင်းတပ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်

မင်းတပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်