ချင်းပြည်နယ်

အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်နေသည့် ကျောင်းသုံးပစ္စည်းများလှူဒါန်း

ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်လျက်ရှိသည့် စာသင်ခန်းသုံးစာသင်ခုံ၊ စုံလည်ပန်ကာနှင့် လျှပ်စစ်မီး လိုအပ်လျက်ရှိသော ကျောင်းဆောင်နှစ်ဆောင်အတွက် လျှပ်စစ်မီးအသစ် တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တီးတိန်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

တီးတိန်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲပြုလုပ်

ချင်းပြည်နယ်၊တီးတိန်မြို့၌ မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။

ရေဇွာမြို့၌ မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာတွင် အရင်နှစ်ထက် အထွက်နှုန်း ပိုမိုကောင်းမွန်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တောင်သူ ဦးလွှာထာ၏ လယ်ကွက်(၁)ဧကတွင် ရွှေရင်အေးမျိုးသန့်စပါးအား စပါးအစွမ်းရှိ စိုက်ပျိုးနည်း (SRI)စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လက စိုက်ပျိုးခဲ့သော မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇)ကြာ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။

မင်းတပ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

တီးတိန်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးအကြောင်းအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တီးတိန်၌ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနားကို တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

မင်းတပ်မြို့၌ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မင်းတပ်ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားသည်။
Subscribe to ချင်းပြည်နယ်