ဟားခါး နိုဝင်ဘာ ၁၆
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့အတွင်း ဝင်ထွက်သွားလာသည့် ကုန်စည်သည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့ဝင်ဂိတ်များတွင် Swab နမူနာစစ်ဆေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိ လာသူများအား Facility Quarantine ဝင်ပြီး Swab နမူနာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမှ ရောဂါပိုး တွေ့ရှိသူ ပေါင်း (၁၀) ဦးရှိခဲ့ပြီး (၉) ဦးမှာ ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် ယနေ့တွင် အမျိုးသမီး (၁) ဦးသာကျန်ရှိပြီး ဟားခါးမြို့၊ တိုင်းရင်းဆေးရုံတွင် ဆေးကုမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
ဟားခါးမြို့ Facility Quarantine ဝင်ပြီး Swabန မူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိပါက ဆေးကုသမှုခံယူ စေကြောင်း နှင့် ရောဂါပိုးမတွေ့ရှိပါက ပြန်လည်စေလွှတ်ခြင်းခံရပြီး တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ငွေကျပ်စုစုပေါင်း ၄၉၀၀၀ ကျပ်နှင့် ကျန်းမာကြောင်း ထောက်ခံစာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေရန်များကို တာဝန်ရှိသူများက မှာကြားလျက်ရှိကြောင်း သိရှိရသည်။
Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ငွေကျပ် ၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅ နှစ်အောက် ကလေးငယ် များနှင့် အသက် ၆၀ အထက်များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေး လျက်ရှိကြောင်း၊ ဟားခါးမြို့ Facility Quarantine Centre (၄) ခုတွင် နိုဝင်ဘာ ၁၆ ရက်နေ့အထိ ကျန်ရှိသူ (၉၃) ဦးနှင့် ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးတစ်ဦးအား တိုင်းရင်းဆေးရုံတွင် ဆေးကုသုမှု ခံယူလျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)