ချင်းပြည်နယ်

ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုဆောင်ရွက်မည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုကိုဆောင်ရွက် မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

(၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မတူပီမြို့၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့သည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case- 62507 ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာ Case -62507 သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယမန်နေ့ ညနေပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ခိုင်ကမ်းမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအားလုံး ကျန်းမာရေးနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း အရှိန်ဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကာလအတွင်း ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စားသောက်ဆိုင်များ ဈေးဆိုင်များအားလုံးသို့ သွားရောက်ကာ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ကျီခါးမြို့၌ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ လက်ရှိနေထိုင်လျက်ရှိသော မြို့နေလူထုအိမ်ရာဝင်းများ စနစ်တကျရှိစေရေး အတွက် မြို့မြေကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မတူပီမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/ အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား မင်းတပ်၊ ဟားခါး၊ပလက်ဝ သွားလမ်းတို့တွင် ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှုအပေါ် ယမန်နေ့ နေ့လယ် ၁ နာရီ ခွဲအချိန်က မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်း၊ မြို့နယ်မီးသတ် ဦးစီး မှူးဦးကွီလိုင်းနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင် တို့သည်ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

ခိုင်ကမ်းမြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ သည်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မြို့စည်ပင်သာရေးအဖွဲ့ တာဝန်ခံဦးဆောင်ကာ မြို့ရှိ ဗိုလ်ခိုင်ကမ်းပန်းခြံသန့်ရှင်း သာယာလှပရေးအတွက် နိုဝင်ဘာ ၂၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။

ဟားခါးမြို့နယ်အတွင်း ပြည်ပနှင့်ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ (၁၄) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၁၄ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်