ချင်းပြည်နယ်

ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မှန်လုံကားဖြူစိမ်းကြား (ချင်းတောင်တန်းကား) ကားနံပါတ် 3A/4237 တမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိကြောင်းသိရသည်။

ဟားခါးမြို့နယ် လောက်လုံကျေးရွာ၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး ယမန်နေ့ ညနေ ၅ နာရီအချိန်က (၂၀×၁၄)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ် တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ တီးတိန်မြို့၊ ဘွာလ်းဇန်အားကစားခန်းမ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်တွင် တည်ဆောက်သည့် ဘွာလ်းဇန်အားက စားခန်းမ တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

ချင်းပြည်နယ်၊ မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီခွဲက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကာ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk Show)ပြုလုပ်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ်၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ယာယီပျံကျ ဈေးအတွင်း တစ်‌လျှောက်၌ ဈေးရောင်းသူများ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဈေးဝယ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား Loudspeaker များဖြင့် အသိပညာပေးခြင်းနှင့် ဈေးဝယ်သူနှင့် ဈေးရောင်းသူ Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်း(၆)ဦးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲ ကျင်းပ

၂၀၂၁ ခုနှစ်တွင် ခရိုင်၊ မြို့နယ်တရားရုံးများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီခန့်ခွဲမှုအစီအစဉ် ( Case Management Program )အကောင်အထည် ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်