ချင်းပြည်နယ်

ထန်တလန်မြို့နယ်၊ တလန်ရွာကျေးရွာတွင် မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ထန်တလန် မြို့နယ်၊ တလန်ရွာ ကျေးရွာတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦးအထိ တိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ ယခုလတ်တလောအချိန်တွင် (၅) ဦးအထိ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သည့် တောင်ဇလမ်ပန်းနှင့် ချယ်ရီပန်းများ ခုတ်ယူခြင်းမရှိစေရေး သတိပေး ကြော်ငြာချက် ထုတ်ပြန်

ကလေး-တီးတိန်-ဖလမ်းကားလမ်းဘေး (ဝဲ/ယာ)တွင် ချင်းပြည်နယ်၏ အထိမ်းအမှတ် သစ်ပင်ပန်းများ ဖြစ်သည့် တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများသည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သဘာဝ အလျောက်လှပစွာ ပွင့်လန်း လေ့ရှိသည်။

ရိခေါ်ဒါရ်မြို့၌ နေရပ်ပြန်လာသူလေးဦး ထပ်မံရောက်ရှိလာကြပြီး နေရပ်ပြန် သုံးဦး တို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးပြီး ကျန်တစ်ဦးအား ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌ စောင့်ကြည့် ထားရ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား လေးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အဆိုပါ လေးဦးအနက် အမျိုးသား သုံးဦးတို့အား ဟားခါးမြို့သို့ Facility Quarantine စောင့်ကြည့်ထားရှိရန် ဆက်လက် ပို့ဆောင်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အ.ထ.က ခွဲ ကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှစ်ခု၌ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း နှစ်ရက်ကြာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ Case-88592နှင့် Case-88593တို့တွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-88592 နှင့် Case-88593တို့ကို ဟားခါးမြို့ တိုင်းရင်း ဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှုခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား Hand gel နှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား Hand gel နှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက အထကကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဖလမ်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show )ကျင်းပ

မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ( Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်းတွင် Art Generation ပန်းချီပြပွဲ ကျင်းပမည်

ဟားခါးမြို့တွင် Art Generation ပန်းချီပြပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀နာရီအချိန်မှ စ၍ ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်း၌ စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြုပြင်ရေး သင်တန်း ဖွင့်လှစ်သင်ကြားပေး

ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်း အတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလမှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။
Subscribe to ချင်းပြည်နယ်