ချင်းပြည်နယ်

ဖလမ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

ဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေး

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄)ပေ၊သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန် နှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ နှင့်အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့ကဟားခါးမြို့၊မြို့နယ် စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငွေကျပ်သန်း ၁၀ နှင့် ၁၀၀ သန်းကြား ၊ သန်း ၁၀၀ အထက် တင်ဒါအောင်မြင်သည့် စာရင်းကြေညာ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ် ၁၀ သန်းနှင့် ၁၀၀ သန်းကြား၊ သန်း ၁၀၀ အထက်လုပ်ငန်းများ တင်ဒါ အောင်မြင်သည့်လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ယမန်နေ့က ကြေညာခဲ့သည်။

ခိုင်ကမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တီးတိန်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲကပြုလုပ်သည်။

ရေဇွာမြို့ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ကမြို့ဝင် ဂိတ်များသွားရောက်စစ်ဆေး

ချင်းပြည်နယ်၊ ရေဇွာမြို့တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၂)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းပြီး မှတ်သားခြင်း များကို နေ့စဉ်ရွက်လျက်ရှိရာ အဆိုပါဂိတ်များတွင် ပိုမိုတင်းကျပ်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က ယနေ့နံနက် ၁၁ နာရီ အချိန်က သွားရောက် စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

ထန်တလန်−ဟားခါးလမ်း၌ ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ ငွေများပေးအပ်

ထန်တလန်−ဟားခါးလမ်း မိုင်တိုင်အမှတ်(၁၇)တွင် ယနေ့တွင် မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ(၉)ဦး၏ မိသားစုဝင်များအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီအချိန် Community Centre ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။

ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဖလမ်းမြို့ရှိ သူနာပြုသင်တန်းကျောင်း စာသင်ဆောင်နှစ်ထပ်တိုက် ဆောက်လုပ်ခြင်းနှင့် မြေထိန်းနံရံ ဆောင်ရွက်မှုကို ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

ဟားခါးမြို့တွင် စားသောက်ဆိုင်(၃၆)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ စားသောက်ဆိုင်(၃၆)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်