ကရင်ပြည်နယ်

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များဗလငါးတန်းဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကရင် ပြည်နယ်၊ မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၄)၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မွန်းလွဲ ၁ နာရီက မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။

ဘားအံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်းသို့ ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် ဒေသတွင်းစားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ချေးငွေရယူပြီး လုပ်ငန်းများဆောင်ရွက်နေသော ဘားအံမြို့နယ် ကော့သင်းရှူး ကျေးရွာအုပ်စုရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့်နှင့်တာဝန်ရှိသူများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

ကရင်ပြည်နယ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။

ပိုင်ကျုံမြို့၌ အကြိမ်(၇၀)မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အကြိမ် (၇၀) မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရားဒိုးအကပြိုင်ပွဲ၌ ပိုင်ကျုံမြို့ ကိုယ်စားပြု ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၉) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ မျိုးဆက်သစ်ရဲ့ မဟာမိတ် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုစက်တင်ဘာလဒုတိယပတ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးစပါးစီမံကိန်းတွင်ပါဝင်သော ကော့တရုတ်ရကျေးရွာ တက်သစ်စ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ လယ်ယာလုပ်ငန်းခွင်တွင် အောင်နိုင်တိုးမိုးစပါးစိုက်ပျိုးနေမှုကို  ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။
Subscribe to ကရင်ပြည်နယ်