သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိ

သံတောင်ကြီး နိုဝင်ဘာ ၂၁

ကရင်ပြည်နယ် ၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်းအလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာ ရောက်မထုတ်ယူ နိုင်ပါက မိသားစုဝင်တစ်ဦးဦးအားကိုယ်စားလှယ်လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်း ၊ပင်စင်လာရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန်ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ပင်စင်ထုတ် ယူရာတွင် လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)