ဘားအံ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr.Abhay Thakur နှင့်အဖွဲ့အား နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr.Abhay Thakur တို့သည် ကရင်ပြည်နယ်၏နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုများ၊အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကို အမြစ်ပြတ်ဖယ်ရှားရှင်းလင်းရာတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသားများအား အကူအညီပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)